+959962215551 / sale@myanmarmegaproperty.com

ဂရန်မြေဝယ်ပြီးရင်အခွန်ဆောင်ပြီး အမည်ပြောင်းချင်လို့ဂရန်မြေ ကို ဝယ်ယူရျ် အမည်ပေါက်အထိ ပြုလုပ်မယ်ဆိုရင်

ဝယ်သူ၏ မှတ်ပုံတင်ထဲက နာမည်အတိုင်း ရာဖြတ်တင်ပေးရန် လိုပါတယ်။ မှတ်ပုံတင် စာချုပ် ချုပ်ပေးရန်လိုပါတယ်။ ဂရန်အမည်ပေါက် ထွက်လာသည်အထိ စာတစ်လုံး မလွဲရန် လိုပါတယ်။ ဝယ်သူစာချုပ်မှ အမည် နှင့် ဂရန်အမည်ပေါက် အမည်အတိုင်း ထွက်ပါတယ်။ ထိုကဲ့သို့ ဝယ်ယူရာတွင်လည်း SP / GP ယူရာတွင် ဂရန်ထဲကအမည် အတိုင်း Power တွင် ပေးသူနေရာမှာ ရေးသားရန် လိုပါတယ်။ ဂရန်တွင် အမည်ပေါက် မှတ်ပုံတင်မှာ ယခင် အဟောင်း နံပတ်သာ ပါရင် Power တွင်အဟောင်းရော နိုင် အမှတ်ပါ ၂ခု ပူးတွဲဖော်ပြရန် လိုပါတယ်။ ထိုမှသာ အမှားမရှိပဲ မိမိ အမည်ပေါက် မှန်ကန်စွာ ရရှိနိုင်မည် ဖြစ်ပါတယ်။ စာ ဂဏာန်း တစ်လုံး မှ မှားရျ် မရပါ ဂရန်အမည်ပေါက် ထံမှ Power ရရှိရန်လိုအပ်ပြီး မရနိုင်ပါက Power ရရှိထားသူမှ မှတ်ပုံတင်စာချုပ်လိုက်ချုပ်ပေးသည်အထိ လုပ်ပေးရန် သဘောတူကြောင်း ဝန်ခံကတိ ပြုလုပ်ထားရန် လိုပါမည်။ ဖြစ်တတ်သည့်အမှားများမှာ…အထက်ဖော်ပြပါများ မစစ်ဆေးခဲ့ခြင်း။Power to Power အဆင့်ဆင့် ပြန်လွဲခြင်း Notary ဖြင့် Power ပေးခြင်း စသည့် အလွဲများကြုံတွေ့ရပါတယ်။ ဂရန်အမည်ပေါက်ထံမှ Power ရထားသူသာ လုပ်ခွင့်ရှိပြီး ထိုသူမှ ပြန် Power ပေးရျ် မရပါ။ ဂရန်စာအုပ်အသစ်ပြန်ထုတ်ပေးတာလားမဟုတ်ပါဘူး။ မူလဂရန်တွင်သာ အမည်လွှဲပြောင်းခြင်း မှတ်တမ်း စာရွက် မူရင်းဖြင့်သာ ycdc မှ ပြောင်းပေးခြင်းဖြစ်ပါတယ်။မနက်က ရွှေပြည်သာကဂရန်မြေကွက် စည်ပင်အမည်ပေါက်မှန်မမှန်စစ်ဖို့လာဆွေးနွေးရင်းနဲ့ ဂရန်က(ပြည်ခိုင်ဖြိုး)က ထုတ်ပေးထားတဲ့ ဂရန်ဖြစ်နေလို့စည်ပင်မှာမူးနောက်အောင်စုံစမ်းပြီးအဆင်ပြေသွားတော့ ဆရာအရောင်းဝယ်စာချုပ်လည်း ဆက်ချုပ်ပေးပါလို့တောင်းဆိုတော့ စာချုပ်ချုပ် မြေကွက်နေအိမ်ကို လက်ရောက်ယူ၊မနက်တည်းကလုပ်တာ အခုမှပြီးပါတယ်။

Crd . #myanmarmegaproperty #property #law #residence #condo #house

Leave a Reply

Compare

%d bloggers like this: