+959962215551 / sale@myanmarmegaproperty.com

တိုက်ခန်း ၀ယ်ယူမည်ဆိုလျှင်

– ရန်ကုန်မြို့တွင် ရောင်းချနေသောတိုက်ခန်းများကို ၀ယ်ယူရာတွင် သာမန်အားဖြင့် –

(က) မြေရှင်ထံမှတိုက်ရိုက်၀ယ်ယူခြင်း။

(ခ) ကန်ထရိုက်တာထံမှတိုက်ရိုက်၀ယ်ယူခြင်း။

(ဂ) အဆက်စပ်စာချုပ်များဖြင့်၀ယ်ယူခြင်း စသည်ဖြင့် ၀ယ်ယူကြသည်များ ရှိပါသည်။ ထိုသို့၀ယ်ယူရာတွင် ရောင်းသူထံမှ စာရွက်စာတမ်းများကို သေချာခိုင်မာစွာ စိစစ်သင့် ပါသည်။

၁။ အရောင်းအ၀ယ်ပြုလုပ်သည့်တိုက်ခန်းသည် Bcc (အဆောက်အအုံပြီးစီးကြောင်းလက်မှတ် / လူနေထိုင်ခွင့် ) ကျပြီးသောတိုက်ခန်းဟုတ်မဟုတ်။

၂။ မြေရှင် (သို့) ကန်ထရိုက်တာ ထံမှ၀ယ်ယူခြင်းဖြစ်ပြီး မြေရှင်သည် တိုက်ခန်းကို ကန်ထရိုက်တာနှင့် အကျိုးတူဆောက်လုပ်သောတိုက်ခန်းဖြစ်လျှင် အနည်းဆုံး မြေရှင် နှင့် ကန်ထရိုက်စာချုပ် ၊ ဂရန်(ရှိလျှင်) စသည်တို့ရှိ၊မရှိ ။

၃။ ရေမီးနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ။

၄။ ပတ်၀န်းကျင်တွင် ထိုက်သင့်သော လုံ့လ ၊ ဝိရိယစိုက်ထုတ်၍ ပေါင်းနှံ၊ ရောင်းချထား ခြင်းရှိမရှိ။

၅။ အဆက်အစပ်စာချုပ်များဖြင့် ၀ယ်ယူခြင်းဖြစ်လျှင်စာရွက်စာတမ်းများစုံမစုံ။ အပျောက်တိုက်ခန်းများ ဖြစ်သောကြောင့် စာရွက်စာတမ်းများများ စားစား စိစစ်ရန် မလိုအပ်သော်လည်း လက်၀ယ်ရှိနိုင်သောစာရွက်စာတမ်းများ ကိုသေချာခိုင်မာစွာ စိစစ်ရန်လိုအပ်ပါသည်။ ထို့အပြင် မိမိ၀ယ်ယူသည့်စာချုပ်ချုပ်ဆိုရာတွင် ဥပဒေနဲ့အညီ ပါသင့်သည့်အချက်များကိုသေချာ ခိုင်မာစွာရေးသားသင့်ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

Crd

#law #myanmarmegaproperty #apartment #condo #home #house #realestate

Leave a Reply

Compare

%d bloggers like this: