+959962215551 / sale@myanmarmegaproperty.com

မြေယာအရောင်း အဝယ်လုပ်မယ်ဆိုရင် ဘာတွေလိုမလဲ…?

ပထမဦးဆုံးအနေနဲ့ မိမိဝယ်ယူလိုတဲ့မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊မြေပိုင်ဆိုင်မှုအထောက်အထား၊ စာရွက်စာတမ်းတွေစုံ/မစုံ၊ မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊ မြေပုံ/မြေရာဇဝင်နဲ့ စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။မြေခွန်၊။ အိမ်ခွန်ကြွေးကျန် ရှိ/ မရှိနဲ့ ဂရန်သက်တမ်း ကိုလည်း စစ်ဆေးရပါမယ် မြေပိုင်ဆိုင်မှုအထောက်အထား စုံ/ မစုံဆိုတာမှာ အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ်ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်မြေအမျိုးအစား စိစစ်ပြီးတာနဲ့အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလားပေးကမ်းရယူပိုင်ဆိုင်တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလားဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလားအစရှိသဖြင့် ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာ မဖြစ်မနေစစ်ဆေးရပါမယ်သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/ မရှိဟာလည်း အရေးပါတဲ့အချက်ပါရောင်းချသူ ဘယ်လိုပိုင်လာသလဲ သိရပြီဆို စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့ မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ် ဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး စနစ်တကျစစ်ဆေးမှသာ နောင်မှာ အရှုပ် အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်

Credit #law #realestate #myanmarmegaproperty

Leave a Reply

Compare

%d bloggers like this: