+959962215551 / sale@myanmarmegaproperty.com

သင့်ကား အင်ဂျင်ဝိုင်လဲတဲ့အခါ သတိထားသင့်တဲ့ အချက် (၃) ချက်

မော်တော် ကားအင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်ရဲ့ ချောဆီပေးစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ချောဆီဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပုံမှ န်လဲပေးခြင်းဖြင့် အင်ဂျ င်သက်တမ်းကို ပိုရှညသလို၊ ဆီစား သက်သာခြင်း၊ ကားအဆွဲအ ရုန်းကောင်းခြင်းအပြင် အင်ဂျင်ဝိုင်ကြောင့် အင်ဂျင်အကြီး စား ပြုပြင်မှုကိုလည်း ရှောင်ရှားနိူင် မှာဖြစ်ပါတယ်။ဒီဆောင်းပါးလေးမှာ အင်ဂျင်ဝိုင်လဲ တဲ့အခါ သိသင့်တဲ့ အချက်တွေနဲ့ ပါတ်သက်ပြီး ဗဟု သုတအဖြစ် မျှဝေချင်ပါတယ်။(၁) ဘယ်အချိန်မှာ အင်ဂျင်ဝိုင် လဲသင့်လဲ အင်ဂျင်ဝိုင်ကို ကီလို (၅၀၀၀) (သို့) မိုင် (၃၀၀၀) (သို့) ၆ လတခါ လဲပေးသင့်သလို ကားရဲ အုံနာမန်နူရယ်ကို ဖတ်ရှုပြီးလည်း ဘယ်အချိန်မှာ လဲသင့်လဲဆို တာကို အလွယ်တကူသိရှိနိူင်ပါတယ်။ ကိုယ်အမြဲသုံးနေကြ ကားမဟုတ်ဘဲ တခြားသူထံမှ ဝယ်လိုက် တယ်ဆိုရင်လည်း ဘယ်အချိန်က အင်ဂှင်ဝိုင်လဲ ထားဆိုတာ မသိနိူင် တာကြောင့် မိမိလက်ထဲ ကားရောက်တာနဲ့ အင်ဂျင်ဝိုင် လဲသင့်ပါတယ်။(၂) အင်ဂျင်ဝိုင်ပ မာဏကို ဘယ်အချိန်မှာ စစ်ဆေးသ င့်သလဲ ကားအင်ဂျင်ဝို င်ဆိုတာ ပုံမှန်အခြေနေ ပြစ်ချက်မရှိဘဲ ပမာဏ အများကြီးေ လျာ့လေ့မရှိပါဘူး။ တနေရာက ယိုစိမ့်နေမယ် ဆိုရင်တော့ အင်ဂျင်ဝိုင်ပမာဏ များများလျော့နိူင် ပါတယ်။ဒါပေမယ့် ခေတ်မီကား အင်ဂျင်တွေလည်း ကီလိုဘယ်လော က်မောင်းပြီးပါက အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက်ေ လျာ့မယ်ဆိုတာကို ကားအုံနာမန်နူရယ်မှာ ရေးထားတာ ရှိပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင်ယိုစိမ့်မှုမရှိလဲ တလတစ်ကြိမ် အင်ဂျင်ဝိုင် ဂိတ်တံထုတ်ပြီး စစ်ဆေးကာ လိုအပ်ပါက ထပ်ဖြည့်သင့်ပါတယ်။(၃) မှန်ကန်တဲ့ အင်ဂျင်ဝိုင်ကို ဘယ်လိုရွေးချယ်မလဲ အင်ဂျင်ဝိုင်လဲတဲ့အခါ ဘယ်အင်ဂျင်ဝိုင်ဂရိတ်အကို အသုံးပြုသင့်လဲဆိုတာရယ်၊ အင်ဂျင်ဝိုင်အရည်သွေးရယ်ကလည်း မှန်ကန်စွာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ဒါကိုလည်း ကားအုံနာမန်နူရယ်မှာ ဖတ်လို့ရပါတယ်။ တချို့ကားတွေ အတွက် ကားထုတ်လုပ်သူက ရိုရိုးအင်ဂျင်ဝိုင် (Conventional Oil) ကိုသာ အသုံးပြုဖို့ ညွှန်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးအင်ဂျင်ဝိုင်နဲ့ ဆင်သက်တစ် (Synthetic Oil) အင်ဂျင်ဝိုင်က ဈေးတော်တော်လေးကွာခြားတာကြောင့် ဖြစ်ပါတယ်။ဒါပေမယ့် ဆင်သက်တစ် အင်ဂျင်ဝိုင်က အရည်သွေးမြင့်တာကြောင့် ချောဆီစနစ်မှာ ကောင်းမွန်စွာလုပ်ဆောင်ခြင်းကြောင့် အင်ဂျင်သက်တမ်းကို ပိုရှည်စေကာ ဆီစားသက်သာစေပါတယ်။မြို့ထဲကို ခရီးတိုမောင်းတဲ့ ကားတွေအတွက် ရိုးရိုးအင်ဂျင်ဝိုင်ကို အသုံးပြုမယ်ဆိုရင် ချောဆီပေးစနစ်ကို ကောင်းမွန်စွာ အလုပ်မလုပ်နိူင်ခြင်းကြောင့် အင်ဂျင်ကို ထိခိုက်စေပါတယ်။ဒါကြောင့် ဆင်သက်တစ် (Synthetic) အင်ဂျင်ဝိုင် (သို့) Fully Synthetic Oil ကိုသာ အသုံးပြုသင့်ပါတယ်။ အင်ဂျင်ဝိုင်လဲတဲ့အခါ အထက်ပါအချက်တွေကို သေချာစိစစ်ရွေးချယ် လုပ်ဆောင်သင့်သလို အင်ဂျင်ဝိုင် အမျိုးအစားကောင်းတာကိုလည်း အသုံးပြုသင့်ပါတယ်။တချို့ အင်ဂျင်ဝိုင်တွေက အင်ဂျင်ဝိုင် အဟောင်းများကို ပြန် လည် ကြိုချက်ကာ ချိတ်ပိတ်ပြီး ဈေးနည်းနည်းဖြင့် ဈေးကွက်မှာ တင်သွင်းကြတာလည်း ရှိပါတယ်။ပြန်လည်ကြိုချက်ထားတဲ့ အင်ဂျင်ဝိုင်များကို အသုံးပြုမိပါက အင်ဂျင်ဝိုင်ဂျိုးတက်ခြင်း၊ ချောဆီပေးအစိတ်အပိုင်းများ ပွန်းစားမှုဖြစ်ကာ အင်ဂျင်သက်တမ်းတိုစေပါတယ်

Credit –

#car#sy

Leave a Reply

Compare

%d bloggers like this: