သိန်းတစ်ထောင်လျှင် (၆) ရာခိုင်နှုန်းဖြင့် အိမ်ခြံမြေ အခွန်နှုန်းထားသစ်ကို ယနေ့မှစ၍ ပေးဆောင်ရမည်

သိန်းတစ်ထောင်လျှင် (၆) ရာခိုင်နှုန်းဖြင့် အိမ်ခြံမြေ အခွန်နှုန်းထားသစ်ကို ယနေ့မှစ၍ ပေးဆောင်ရမည်

အိမ်ခြံမြေအခွန်နှုန်းထား အသစ်အဖြစ် အောက်တိုဘာလမှ စတင်ကာ ကျပ်သိန်းတစ်ထောင်လျှင် ၆ရာခိုင်နှုန်းအဖြစ် စတင်ပေးဆောင်ရမည် ဖြစ်ကြောင်း အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးမှ ထုတ်ပြန်ထားသည်။ယခင် ဘဏ္ဍာနှစ်တွင်မူ ဝင်ငွေခွန်နှုန်းထား သတ်မှတ်ချက်များမှာ တစ်ကျပ်မှ ကျပ်သိန်း (၃၀ဝ) အထိကို (၁၅) ရာခိုင်နှုန်း၊ ကျပ်သိန်း (၃၀ဝ) အထက်မှ ကျပ်သိန်း (၁၀ဝ၀) အထိကို (၂၀) ရာခိုင်နှုန်းနှင့် ကျပ်သိန်း (၁၀ဝ၀ နှင့်အထက်အား ၃၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ သိန်းတစ်ထောင်အထိကို အခွန် (၃) ရာခိုင်နှုန်းသာ ကောက်ခံခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ (၁)ကျပ်မှ သိန်းတစ်ထောင် အထိ အိမ်ခြံမြေရောင်းဝယ်မှုများအတွက် အခွန် (၆) ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။”ပြည်ထောင်စုအခွန်ကောက်ဥပဒေပါ အခွန်နှုန်းထားသစ်နဲ့ ကောက်ခံမှာဖြစ်ပါတယ်။ အောက်တိုဘာ(၁)ရက်နေ့မှာ အသက်ဝင်မှာဖြစ်လို့ အခုကာလမှာ အရောင်းအဝယ်လုပ်သူတွေတော့ အကျုံးမဝင်သေးပါဘူး။ ကာလတန်ဖိုး စိစစ်သတ်မှတ်ချက်တွေကတော့ အောက်တိုဘာ (၁)ရက်နေ့နောက်ပိုင်းအသစ်ဖြစ်သွားမှာပေါ့ ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားထားသည်။အိမ်ခြံမြေအရောင်းအဝယ်သည် ဈေးကွက်ပေါ်မူတည်ပြီး ရောင်းဝယ်မှုများသောကြောင့် စျေးကွက်ကို ရိုက်ခတ်မှုမရှိနိုင်သည့် အပြင် အောက်တိုဘာလတွင် အရောင်းအဝယ်များ ပြန်လည်ရှိလာနိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေအကျိူးဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။အခွန်သတ်မှတ်ဖို့ကာလတန်ဖိုး စိစစ်လျှောက်ထားရာတွင် အိမ်ခြံမြေ မြေဌား ဂရန်စာချုပ် ၊ စည်ပင်မှ ထုတ်ပေးသည့် မြေပုံ၊မြေရာဇဝင် ၊ မူလအမည်ပေါက်ပိုင်ဆိုင်သူ၊ ကိုယ်စားလှယ်လွဲစာ၊ ၊အဆောက်အဦးဓာတ်ပုံ၊ မြေနေရာဓာတ်ပုံများနှင့် အခြားသော အထောက်အထား အချက်အလက်တွေများစွာ လိုအပ်သည် ဖြစ်သည်။လက်ရှိအခွန်နှုန်းထားသည် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းအရ အခွန်ဆောင်ရသည့် ပမာဏ များခြင်းကြောင့် တရားဝင် ရောင်းဝယ်မှု လျော့နည်းသွားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များမှ ပြောကြားသည်။#Credit

Posted in Law, Real Estate News

Friday Oct 09 10:42 am

No Comments

Leave a Reply

Your email address will not be published. Required fields are marked *