+959962215551 / sale@myanmarmegaproperty.com

သူတစ်ပါးအမည်ငှား/အမည်ခံဖြင့်လွှဲပြောင်းခြင်း

သူတစ်ပါးအမည်ငှား/အမည်ခံဖြင့်လွှဲပြောင်းခြင်း(Binami transaction )-အိမ်၊ခြံ၊မြေ၊အစရှိသည့်ပစ္စည်းများကိုဝယ်ယူရာတွင်မိမိ၏အမည်ဖြင့်စာချုပ်စာတမ်းပြုလုပ်ချုပ်ဆို၍ဝယ်ယူရန်ဖြစ်သော်လည်းအကြောင်းအမျိုးမျိုးကြောင့်အိမ်၊ခြံ၊မြေ၊ဝယ်ယူသူသည်မိမိ၏အမည်ဖြင့်မဝယ်ယူဘဲစာချုပ်၌ဝယ်ယူသူနေရာတွင်မိမိ၏သား၊သမီး၊အမည်ဖြင့်လည်းကောင်း၊မိမိ၏ညီအစ်ကိုမောင်နှမအမည်ဖြင့်လည်းကောင်း၊မိမိ၏တူ၊တူမအမည်ဖြင့်လည်းကောင်း၊အဆုံးစွန်ဆုံးမိမိယုံကြည်စိတ်ချရသည့်သူတစ်စိမ်းအမည်တို့ဖြင့်အမည်ခံ၍ဝယ်ယူလွှဲပြောင်းခြင်းကို”အမည်ငှား/အမည်ခံဝယ်ယူလွှဲပြောင်းခြင်း(Binami transaction)ဟု “ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ”(The transfer of-property Act )ပြဌာန်းဥပဒေတွင်ပြဌာန်းပါရှိပါသည်။သူတစ်ပါးအမည်ငှား/အမည်ခံဖြင့်လွှဲပြောင်းခြင်းပြုလုပ်ဆောင်ရွက်မှုသည်ဆောင်ရွက်သည့်လတ်တလောအချိန်တွင်မည်သည့်ပြဿနာ၊မည်သည့်အငြင်းပွားစရာကိစ္စများပေါ်ရန်မရှိသော်လည်းအချိန်ကာကြာလာခဲ့သည့်တစ်ချိန်ချိန်တွင်ယူသူအစစ်အမှန်နှင့်အအမည်ငှား၊အမည်ခံတို့အကြားမလိုလားအပ်သောအငြင်းပွားဘွယ်ရာကိစ္စရပ်များပေါ်ပေါက်လာခဲ့၍တရားမတရားရုံးများ၌အမည်ခံ/အမည်ငှားဖြစ်ကြောင်းတရားတစ်ဘောင်စွဲဆိုအငြင်းပွားသည်အထိဖြစ်ခဲ့ရသည်ကိုစီရင်ထုံးသာဓကများအရလေ့လာဖတ်ရှုခဲ့ရပါသည်။အမည်ငှား/,အမည်ခံ(Binami)ကိစ္စကိုတရားရုံးများကစီရင်ထုံးအချို့ဖြင့်ခွဲခြားခဲ့ပါသည်၊(၁)အမည်ငှားစနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန်အကြောင်းရှိ/မရှိ။(၂)အမည်ငှားပိုင်ရှင်အစစ်အမှန်တို့နှစ်ဦးနှစ်ဘက်ဆက်ဆံဆက်စပ်ပုံအရပိုင်ရှင်အစစ်အ မှန်ဖြစ်သူကအမည်ငှား/အမည်ခံသူကိုအမည်ငှား/အမည်ခံအဖြစ်ရွေးချယ်‌ရန်အ ကြောင်းရှိ/မရှိ။ (၃) ဝယ်ယူခဲ့သည့်အိမ်၊ခြံ၊မြေ၊နှင့်ပတ်သက်၍ချုပ်ဆိုထားခဲ့သည့်စာချုပ်စာတမ်းမူရင်း များ၊ဆက်စပ်စာချုပ်များ၊ပိုင်ဆိုင်မှုစာရွက်စာတမ်းမျး၊မည်သူ၏လက်ဝယ်၊မည် သူ့ထံတွင်ရှိသည်/မရှိသည်။(၄)ဝယ်ယူခဲ့သည့်အိမ်ခြံမြေသည်လက်ရှိတွင်မည်သူ၏လက်ဝယ်ရှိနေသည်။(၅)အိမ်ခြံမြေဝယ်ယူသည့်ပစ္စည်းဖိုးငွေအားမည်သူ့ထံမှရရှိသည်။- – -စသည့်အချက်များအပေါ်အခြေခံမှတ်ကျောက်တင်သုံးသပ်ကြပါသည်။အောက်ပါစီရင်ထုံးများမှာကြည့်ပါ။(၁)ရန်ကုန်၊အတွဲ(၇)၊စာ-၇၉၇၊(၂) ၁၉၄၉-ခုနှစ်၊(လွှတ်တော်)စာ-၄၁၁၊(၃)၁၉၆၇၉-ခုနှစ်(ရုံးချုပ်)စာ-၁၄၈၊

#crd ဥပဒေဗဟုသုတ #law #realestate #agent #realtor #property #myanmarmegproperty

Leave a Reply

Compare

%d bloggers like this: