News

  • မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်မလဲ

    မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်မလဲ သိချင်ရင်တော့ ဒီစာကိုဆုံးအောင်ဖတ်ဖို့လိုမယ်ခင်ဗျ အတိအကျလိုက်နာဖို့တော့ လိုတာပေါ့ခင်ဗျာ မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ ပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့ မြေကွက်တွေဝယ်တော့မယ်ဆိုရင် အရောင်းမှား အဝယ်မှားမဖြစ်အောင်ရယ် ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ် နောက်ကျောဓားနဲ့ထိုးခံရတယ်၊ ယုံမိလို့ ဆုံးရှုံးကုန်တယ် နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့ ကတိမပေးဖူးပါဘူးလို့ ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့ အရေးကြီးမှန်းသိလောက်ပါပြီ တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်တဲ့သူတွေကတော့ ဥပဒေအကြံဥာဏ်ယူတာကစလို့၊ စာချုပ်ချုပ်တယ်၊ ရောင်းတယ်၊ ဝယ်တယ် ငှားရမ်းတယ်၊ ပေါင်နှံတယ်၊ ချေးငှားတယ်၊ လွှဲပြောင်းတယ်ဆိုတဲ့ ကိစ္စရပ်တိုင်းမှာ ရှေ့နေတစ်ဦးက စနစ်တကျရေးတဲ့စာချုပ်နဲ့ အသင့်ဖြည့်စာချုပ်တစ်စောင်ရဲ့တန်ဖိုး ဘယ်လောက်တောင်ကွာခြားသလဲဆိုတာသိကြပါတယ် နှုတ်တစ်ရာ၊ စာတစ်လုံးဖြစ်တာမို့ စာတစ်လုံးချင်းစီတိုင်းမှာ အသက်ဝင်နေဖို့လိုအပ်ပါတယ် ပြဿနာဖြစ်လာလို့ အရာအားလုံးဆုံးရှုံးသွားမယ့်ပမာဏနဲ့ စာချုပ်ချုပ်ဆိုစဉ်မှာ အထောက်အထားစစ်ဆေးခြင်း၊…

    Posted in Law, Real Estate News

    Friday Oct 09 10:17 am

    No Comments

  • ငှားရမ်းခြင်းနှင့်ပတ်သတ်သည့် အိမ်ရှင်၊ အိမ်ငှား ပြသာနာ

    ငှားရမ်းခြင်းနှင့်ပတ်သတ်သည့် အိမ်ရှင်၊ အိမ်ငှား ပြသာနာ အိမ်ရှင်၊ အိမ်ငှားကိစ္စများတွင် နေရာဒေသပေါ်မူတည်၍ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေကွဲပြား ပါသည်။ မြို့ပြဒေသနှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀ပြည့်နှစ်၊ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့်အကျုံးမဝင်သောဒေသတွင် ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့်သက်ဆိုင်ပါသည်။ သာမန်အားဖြင့် လအလိုက် (သို့မဟုတ်) နှစ်အလိုက်ငှားရမ်းခြင်းတို့ကို အိမ်ရှင်နှင့်အိမ်ငှားတို့က အိမ်ငှားပဋိညာဉ်စာချုပ်ကိုချုပ်ဆို၍ ဆောင်ရွက်ကြပါသည်။ အိမ်ငှားသေဆုံးသွားပါက သေဆုံးသူ အိမ်ငှား၏တရားဝင်ကိုယ်စားလှယ်မှာ အိမ်ငှားဟု ဥပဒေက အသိအမှတ်ပြုသည်။အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနှင့်အတူနေသော အမွေစား၊ အမွေခံတို့သည် ဥပဒေအရ တရားဝင်အိမ်ငှား ဖြစ်သွားပါသည်။ ငှားရမ်းခြင်းကို ရပ်စဲလိုပါက ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ-၁၀၆အရ ငှားရမ်းသူကဖြစ်စေ၊ ငှားယူသူကဖြစ်စေ ငှားရမ်းကာလမကုန်ဆုံးမီ (၁၅)ရက် ကြိုတင်အကြောင်းကြားခြင်းဖြင့် ငှားရမ်းခြင်းကို အဆုံးသတ်နိုင်သည်။ အကြောင်းကြားစာကို စာဖြင့်ရေးသားလျက် ပေးပို့သူကလက်မှတ်ရေးထိုးပြီး အကြောင်းကြားစာကိုလိုက်နာရမည့်သူထံ…

    Posted in Law

    Friday Oct 09 10:05 am

    No Comments

  • စာချုပ်ချုပ်မည်ဆိုလျှင် အကွက်စေ့စေ့ စည်းနှောင်ထားရှိအောင် ချုပ်ရမည့်ကိစ္စ

    စာချုပ်ချုပ်မည်ဆိုလျှင် အကွက်စေ့စေ့ စည်းနှောင်ထားရှိအောင် ချုပ်ရမည့်ကိစ္စ။ အရောင်းအဝယ်ပြုလုပ်ရန် သဘောတူကြသည်။ စာချုပ်ချုပ်သည့် နေ့ တွင် စရန်ငွေတစ်ဝက်ပေးမည်။ ထိုအချိန် မှ အစပြု၍ ရောင်းသူက မြေ ကွက်အမည်ပေါက်အောင် ဆောင်ရွက်ရမည်။ ရောင်းသူ၏ အမည်ပေါက်ပြီးပါက ကျန်ငွေ၏ တစ်ဝက်ကို ရောင်းသူသို့ပေးရမည်။ ထို့နောက် ရောင်းသူဘက်က အရောင်းအဝယ်ပြုလုပ်နိုင်ရန် မြေပုံမြေရာဇဝင်ရရှိရေးကို ဆောင်ရွက်ရမည်။ အရောင်းအဝယ်ပြုလုပ်ရန် မြေပုံရာဇဝင်ရရှိပါက ဝယ် ယူသူက ကျန်ငွေအားလုံးကို အပြီးပေးချေရမည်။ ထိုသို့အပြီးပေးချေသောနေ့မှာပင် ရောင်းသူ မှတ်ပုံတင် ရေစ္စ္စရီစာချုပ် ကြီးပြုလုပ် ချုပ်ဆိုပေး ရမည်။ တစ်ချိန်တည်းမှာပင် ရောင်းသောမြေနှင့်အိမ်ကို ဝယ်သူလက်သို့ အပြီးလွဲှပြောင်း ပေးအပ်ရမည်။ အထက်ဖော်ပြပါ အချက်အလက်များမှာ အကြမ်းဖျဉ်းနှစ်ဖက် လက်ခံသဘောတူသည့် အချက်အလက်များဖြစ် သည်။ ယင်းအချက်အလက်များကို အခြေခံ၍ စာချုပ်အသွင် ရေးသားရမည်ဖြစ်သည်။…

    Posted in Law

    Friday Oct 09 9:51 am

    No Comments